ကျွန်တော်ရဲ့ ဆန္ဒလေးပါ
“ဤဆိုဒ်သည် ဂစ်တာတီးချင်သော ၀ါသနာတူသူငယ်ချင်းများအတွက် ရည်ရွယ်ကာ မြန်မာသီချင်း ဂစ်တာကာဗာလေးများကို တစ်နေရာထဲတွင် စုံစုံလင်လင်ကြည့်ရှုတီးခတ်နိုင်ရန် လိုက်လံစုဆောင်းကာ တင်ပေးထားခြင်းဖြစ်ပါသည်။ အကယ်၍ မိမိတီးထားသော ဗီဒီယိုဖိုင်လေး များရှိပါကလည်း Youtube တွင်တင်ကာ Embed Code လေးများကို minkoko175@gmail.com သို့ပေးပို့ကူညီစေလိုပါသည်။ လိုအပ်ချက်များရှိပါကလည်း ထောက်ပြညွှန်ကြားပေးရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။”
Thursday, October 25, 2012
Tuesday, October 16, 2012
မြန်မာ့ ဂီတ မှတ်တမ်းများ
ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို
စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်သည်။
ဂီတဖန်တီးရေးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နှင့် အဓိပ္ပာယ်
သတ်မှတ်ချက်များမှာ ယဉ်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက်
ကွဲပြားမှုများရှိသည်။
ဂီတသည် အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုသည့် အနုပညာပုံစံတစ်ရပ် ဖြစ်သည်။ ပန်းချီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စသည့် medium များကို အသုံးပြုသကဲ့သို့ပင်ဖြစ်သည်။ ဂီတတွင် ယေဘူယျအားဖြင့် pitch ဆိုသော အသံအနိမ့်အမြင့်( ထိုအထဲတွင် သံစဉ်နှင့် ဟာမိုနီ တို့အကျုံးဝင်သည်) စည်းချက်( ၎င်းထဲတွင် tempo,meter နှင့် articulation တို့ပါဝင်သည်) dynamics နှင့် timbre နှင့် texture တို့၏ အသံအရည်အသွေးစသည့် အစိတ်အပိုင်းများပါဝင်သည်။ ဂီတဆိုသော အင်္ဂလိပ်စကားလုံး music သည်ဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာသည်။
ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ၀ိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။

`ဂီတ´ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းဆက်လာပြီး `သီချင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပါယ်ရသည်။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပါယ်နှင့် တစ်ခြားစီဖြစ်သည်။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ၀ါဒိတ္တ၀ါဒန ဟူ၍ခေါ်ဝေါ်သည်။ မြန်မာ့ကျမ်းဂန်များအရ `ဂီတ´ဆိုသည်မှာ `ဒီဃသရေန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်သောကြောင့် ဂီတမည်သည်ဟု၍၎င်း၊ `ပုဗ္ဗဘာဂသြကုဇ´ရှေ့အဖို့၌ ရင့်ရှုညည်းတွားခြင်းသည်ပင်လျှင် ဂီတဟူ၍၎င်း၊ သုံးမတြာကာလထက် လွန်အောင်ရွတ်ဖတ်ရသော အသံများကို `ပြူတသံ(၀ါ)ဂီတသံ´ ဟူ၍၎င်း ပြဆိုပေသည်။ ရှေးခေတ်ကျောက်စာများတွင် သီချင်းသီဆိုသူကို `သိခြင်းသည်´(သီချင်းသည်) ဟူ၍၎င်း၊ `ရခန်း´ဟူ၍၎င်း၊ `ရတင်သည်´ဟူ၍၎င်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် `ပန်ထျာဂီတ´၏ အနက်အဓိပ္ပါယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်သည်။
အပြာရောင် Blue ဂီတ
တေးသီချင်း တွေဟာ အများအားဖြင့် လူတွေ ရဲ့ စိတ်ခံစားမှု တွေကို ဖော်ညွှန်းပြီး သီဆိုတတ် ကြပါတယ်။
အဲဒီလို ဖော်ညွှန်းတဲ့ သီချင်းတွေ
အများကြီး ရှိကြတဲ့ အထဲကမှ စိတ်အားငယ် ၀မ်းနည်းတဲ့ ခံစားချက်ကိုသာ အဓိက
ထားပြီး သီဆိုလေ့ရှိတဲ့ တေးဂီတ တစ်ခုအကြောင်းကို ပြော ပြချင်ပါတယ်။
အဲဒါကတော့ ညှိုးငယ်ဝမ်းနည်း ခြင်းလို့ အဓိပ္ပာယ်ရတဲ့ Blues တေးဂီတပဲ
ဖြစ်ပါတယ်။
Blues တေးဂီတဟာ လူမည်းတွေရဲ့ဂီတ တစ်ခုဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း အချိန်တွေမှာ အမေရိကန်နိုင်ငံက စတင်ပေါ်ထွက် ခဲ့ပြီး တဖြည်းဖြည်း လူသိများ လာခဲ့ပါတယ်။
၁၇ ရာစုနဲ့ ၁၈ ရာစုအကြားက ကျေးကျွန် ထားရှိတဲ့ စနစ်တွေကြောင့် Bluesဂီတ ထွက်ပေါ် လာခဲ့ရတာပဲ ဖြစ်ပါတယ်။ အာဖရိက အမေရိကန် လူမျိုး ကျေးကျွန်တွေဟာ သူတို့ရဲ့ဘ၀ အကြောင်းတွေကို တေးသီချင်းတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။ Blues ဂီတဟာ အနှိမ်ခံ လူတွေရဲ့ ဂီတတစ်ခု ဖြစ်တဲ့ အတွက် Blues သီချင်းတွေဟာ အဆွေးသီချင်းတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။ ရှေးဦး Blues ဂီတသီချင်းတွေဟာ ဓမ္မတေး သီချင်းတွေလို အဆွဲအငင်တွေ အများကြီး ပါဝင် နေတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ Blues ဆိုတဲ့ အခေါ် အဝေါ်ဟာ Blues devils ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာပါ။ ညှိုးငယ် နေတဲ့ ကဝေတွေလို့ အဓိပ္ပာယ်ရပြီး ၁၇၉၈ ခုနှစ်က ပြသခဲ့တဲ့ ပြဇာတ်၊ ဇာတ်လမ်းတစ်ခုရဲ့ နာမည်ကို ယူပြီးသုံးနှုန်းထားတာပဲဖြစ်ပါတယ်။

SOUL ဂီတပျောက်ကွယ် မသွားခင်
ဒီနေ့ခေတ်မှာ
ပဲဖြစ်ဖြစ်၊ အရင် ခေတ်ကပဲ ဖြစ်ဖြစ် ဂီတ ရေစီးကြောင်း ထဲမှာ မျောပ နေကြတဲ့
အမျိုးမျိုးသော ဂီတတွေဟာ အများသော အားဖြင့် လူမည်း ဂီတတွေသာ ဖြစ်နေတာကို
တွေ့ရတတ်ပါတယ်။
လူမည်းတွေက စတင်ခဲ့တဲ့ ဂီတတွေဟာ ပရိသတ်တွေ
ကြားထဲမှာ ခေတ်အဆက်ဆက် ရေပန်းစား ခဲ့ကြပါတယ်။ ဥပမာ ပြောရရင်-Disco, House,
Blues, Hip Hop စတဲ့ ဂီတတွေဟာ လူမည်း ဂီတတွေပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်
မှာတော့ အရိပ်အယောင် အနည်းငယ် မျှသာ ကျန်ရှိတော့တဲ့ လူမည်းဂီတ တစ်မျိုးနဲ့
မိတ်ဆက်ပေး ချင်ပါတယ်။အဲဒီ ဂီတကတော့ Soul ဂီတပဲ ဖြစ်ပါတယ်။Soul ဂီတဟာ မြောက် အမေရိက နိုင်ငံတွေက စတင်ပေါ် ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ပေါ်ထွက်ရာ နေရာကတော့ ချီကာဂို မြို့တော်ဖြစ်ပြီး၊ နယူးယောက်၊ ဒီထရော့၊ ဖန်ဖစ်(စ)၊ ဖလောရင့်(စ) အစရှိတဲ့ မြို့တော်တွေ မှာလည်း ဒေသလိုက် ကိုယ်ပိုင် Soul ဂီတတွေကို ဖန်တီးခဲ့ ကြပါတယ်။ ၁၉၄၀ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ် အတွင်းမှာ Doo Wop လို့ အမည်ရတဲ့ ဂီတတစ်ခု ပေါ်ထွက်ခဲ့ ဖူးပါတယ်။ အဲဒီအချိန်မှာ Gospel ဂီတဟာလည်း အာဖရိက၊ အမေရိကန် လူမျိုးတွေကြောင့် အတော်လေး နေရာရ နေခဲ့ပါတယ်။ နောက်မှာတော့ အဲဒီဂီတ နှစ်မျိုးဟာ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး Soul ဂီတဖြစ်လာ ခဲ့တယ်လို့ တချို့က ပြောကြပါတယ်။ တချို့ကလည်း Soul ဂီတဟာ Gospel နဲ့ R&B ပေါင်းစပ် ထားတာလို့ ဆိုကြပြန် ပါတယ်။
Thursday, October 11, 2012
Monday, October 8, 2012
Happy Birthday
Youtube မှတစ်ဆင့် ကူးယူဖော်ပြပါသည်။
Happy Birthday သီချင်းလေးပါ။ ကိုယ့်ကောင်မလေးကို တီးပြလို့ရပါတယ်။ တီးထားတာလေးကလည်း အရမ်းနားထောင်လို့ကောင်းပါတယ်။
Sunday, October 7, 2012
အိမ်လွမ်းသူ-၀ိုင်ဝိုင်း
ဝိုင်ဝိုင်းရဲ့ အိမ်လွမ်းသူ ဂစ်တာကာဗာလေးပါ။ Youtube မှတစ်ဆင့်ကူးယူးဖော်ပြပါသည်။
Friday, October 5, 2012
အမေ့အိမ်-ထူးအိမ်သင်
ကိုငှက်က ဂီတရဲ့ မှော်ဆရာတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ဘလောဂ့်အသစ်ကလေးကိုလည်း သူ့ရဲ့ သီချင်း ဂစ်တာကာဗာလေးနဲ့ပဲ စဖွင့်လိုက်ပါတယ်။
Subscribe to:
Posts (Atom)